Friday, 16 December 2011

KTV စက်ထဲသို့ သီချင်းနဲ့ပုံထည့်နည်း အပိုင်း (၁)

ကျွန်တော်တို့ မန်းလေး Startech Authorized Service Centre က ၀ယ်ထားတဲ့ KTV စက်ကို သီချင်းထည့်နည်းနဲ့ပုံထည့်နည်းလေးကို ဒီဆိုက်ကနေ ဖော်ပြပေးလိုက်ပါတယ်။
        အရင်ဆုံး မိမိထည့်မည့်သီချင်းကို avi format အရင်ပြောင်းပေးလိုက်ပါ။ ပြောင်းပြီးသွားရင် ဖိုဒါအသစ်ဆောက်ပြီး မိမိပြောင်းထားသော avi format သီချင်းတွေကို ထည့်ထားလိုက်ပါ။ ပြီးရင် ဖိုဒါနာမည်ကို မြန်မာလို ပြောင်းပေးပါ။ (ကျွန်တော်ကတော့ ဒီမှာ ဥပမာ အနေနဲ့ စိုင်းထီးဆိုင် လို့ပြောင်းပေးထားပါတယ်။ နောက် သီချင်းဖိုင်ကို ရှာရလွယ်အောင် ကျွန်တော်က avi format ပြောင်းထားတဲ့ဖိုဒါကို D: ထဲကို သိမ်းထားလိုက်ပါတယ်။)
  ကဲကျွန်တော်တို့အရင်ဆုံး အဆိုတော်ပုံထည့်နည်းလေး အရင်ပြောပြမယ်နော်။ မိမိထည့်သည့် သီချင်းအဆိုတော်ပုံကို အင်တာနက်ကနေ ဒေါင်းလော့ဆွဲပြီး jpg နဲ့သိမ်းထားပါ။ သိမ်းပြီးရင် စပြောမယ်နော်....
 (၁)    အရင်ဆုံးမိမိပုံကို မြန်မာလို နာမည်အရင်ပြောင်းလိုက်ပါ။ (ဥပမာ- စိုင်းထီးဆိုင် လို့ပေါ့နော်။)
 (၂)   ကျွန်တော်တို့ ကေတီဗွီ စက်နဲ့ ကွန်ပျူတာနဲ့ချိတ်ပြီးတော့ ကွန်ပျူတာမှာ ကေတီဗွီ စက်အတွက် Drive အသစ်ပေါ်လာလိမ့်မယ်။ အဲ့ဒီ Drive ပေါ်ကို ကလစ်နှိပ်ပြီးတော့ ဖွင့်လိုက်ပါ။
 (၃)   အဲ့ဒီထဲမှာ ပါတဲ့ singer ဆိုတဲ့ ဖိုဒါကို ကလစ်နှိပ်ပါ။
 
 (၄)   မိမိထည့်ချင်သည့်ပုံကို (စိုင်းထီးဆိုင်) copy ကူးပြီး singer ဆိုတဲ့ ဖိုဒါထဲကို ထည့်ပေးပါ။
 (၅)   ကေတီဗွီ ဆော့ဖ်ဝဲကို ဖွင့်ပါ။
 
 (၆)   ပြီးရင် manage\singer(s)ကိုရွေးပါ။singer list Dialog box ကျလာလိမ့်မည်။

  (ရ)   Singer List Dialog Box ထဲက Add ကိုနှိပ်ပေးပါ။ ပြီးလျှင် Detail \ Sincer name နေရာမှာ မိမိသီချင်းသီဆိုသည့်အဆိုတော် (စိုင်းထီးဆိုင်) ကိုရိုက်ပေးပါ။ pinvin မှာလည်း sincer name တွင် ထည့်ထားသည့်နာမည်အတိုင်း (စိုင်းထီးဆိုင်) ထည့်ပေးပါ။
(မှတ်ချက်။ ။ ဖြစ်နိုင်လျှင် ပုံကို Rename ပြောင်းထားသော နာမည်ကို copy ကူးပြီး paste လုပ်က ပိုကောင်းသည်။)
  (၈) ပြီးရင် Save ကို နှိပ်လိုက်ပါ။
                    ဒါဆိုရင်တော့ သီဆိုသူရဲ့ပုံကို ထည့်နည်းပြီးပါပြီဗျာ။ နောက်ရက်မှ သီချင်းထည့်နည်းရေးပေးပါ့မယ်။
 

1 comment:

  1. စိတ်ဝင်စားတယ်ဗျို့
    ဖော်ပြပေးပါဦး

    ReplyDelete

Followers