Monday, 20 February 2012
Monday, 6 February 2012
UDF File System ဖြင့်ခွေကူးနည်း
ကျွန်တော်တို့တစ်တွေ စီဒီခွေကို Memory Stick သုံးသလို သုံးလို့ရသွားပြီဆိုရင် စာဖတ်သူတို့ ယုံကြည်နိုင်ကြမလား..?
ကျွန်တော်တို့အဲ့ဒီအကြောင်းလေးမပြောသေးခင် UDF File Systemဆိုတာကို အရင်ပြောပြချင်ပါတယ်။ အရင်တုန်းက CD ခွေတွေမှာသုံးတဲ့ File System ဟာ CDFS ဖြစ်ပါတယ်။ CDFS နဲ့ UDF ဘာကွာသလဲဆိုတော့ CDFS ဟာ ခွေကူးချိန်ဆိုတာ သက်သက်ပေးရပါတယ်။ ကူးမယ့်ဖိုင်တွေ ရွေးရမယ်။ ပြီးတော့အကုန်လုံးကို တစ်ပြိုင်နက်ကူးရပါ တယ်။
UDF ကတော့အဲ့ဒီလိုမဟုတ်ပါဘူး။ ခွေလွတ်ပေါ်မှာ ဖိုင်တွေကို တစ်ဖိုင်ချင်းစီထည့်လို့ရမယ်။ ထည့်ထည့်ချင်း Burn မယ်။ ပြီးရင် ထပ်ထည့်ကြည့်။ ထပ် Burn ပေးပါလိမ့်မယ်။ အဆုံးသတ်ကျမှ Session ကိုပိတ်ပေးရပါတယ်။
ကျွန်တော်တို့တစ်တွေ သူတို့နှစ်ခုရဲ့ကွာခြားချက်ကို သိပြီးပြီဆိုတော့ ခွေကူးနည်းလေးကို စလိုက်ကြရ အောင်။
၁။ ပထမဆုံး Drive ထဲကို CD/DVD ခွေလွတ်တစ်ချပ် ထည့်လိုက်ပါ။
၂။ ပြီးရင် ခွေထဲကိုထည့်မယ့် ဖိုင်တွေထဲက ဖိုင်တစ်ဖိုင်ကို copyကူးပါ။ computerထဲက ကိုယ့် Drive ကိုဖွင့်ပြီး Paste လုပ်ပါ။
၃။ အဲ့ဒီအခါမှာ အောက်မှာ ဖော်ပြထားသလို Box တစ်ခုပေါ်လာပါလိမ့်မယ်။ Use USB Flash Drive ကိုရွေးပြီး OK နှိပ် လိုက်ပါ။
၎။ အဲ့ဒီအခါမှာ ခွေအလွတ်ကို UDF File System အနေနဲ့ Format ချပါလိမ့်မယ်။
၅။ Format ရိုက်ပြီးသွားရင် စောစောက ကော်ပီ ကူးခဲ့တဲ့ဖိုင်ကို Paste လုပ်လိုက်ပါ။
၆။ နောက်ထပ် ဖိုင်တွေကိုလည်း copy/paste နည်းသုံးပြီး ခွေလွတ်ထဲကို ထည့်ကြည့်ပါ။
ရ။ အားလုံးပြီးသွားရင် Drive က Eject ခလုပ်ကိုနှိပ်ပြီး ခွေကို ထုတ်လိုက်ပါ။ ခွေက ချက်ချင်းထွက်လာဦးမှာ မဟုတ်ပါဘူး။ ခဏလောက်စောင့်လိုက်ပါ။
၈။ …..ဟော ခွေလေးပြန်ထွက်လာပါပြီဗျာ။
(မှတ်ချက်)။ ။ Windows 7 မှာသာရသည်။ ကျန်တဲ့ဝင်းဒိုးနဲ့မစမ်းဖူးသေးပါ သူငယ်ချင်းတို့ရေ။
ဖျက်နည်း
တကယ်လို့ အဲ့ဒီခွေထဲက ကိုယ်မကြိုက်တာတွေ ဖျက်ချင်တယ်ဆိုရင် ခွေကို Drive ထဲပြန်ထည့်ပါ။ ခွေထဲက ကြိုက် တဲ့ဖိုင်ကို ရွေးပြီး ဖျက်လိုက်ပါ။ ပျက်သွားပါလိမ့်မယ်။ ကဲ R/W ခွေတွေသုံးစရာ မလိုတော့ဘူးနော်။
Subscribe to:
Comments (Atom)