Sunday, 20 January 2013

How to: Crack IPA (iPhone Application)

iOS အတွက် Crack Apps တွေ. Games တွေ.. ဒေါင်းလို့ ဆော့လို့ကောင်းကြမယ် ထင်တယ်။
ဒီနေ့တော့ အဲ့ဒီ Crack လုပ်တဲ့ အကြောင်းကိုပြောမယ်ဗျာ။
ပထမဆုံး သိရမယ့်တစ်ချက်က Crack လုပ်ထားတဲ့ ipa ကို Jailbroken device ထဲမှာပဲ ဆော့လို့ရပါမယ်။
ဒုတိယအနေနဲ့ Crack ဘာလို့လုပ်ရတယ်ဆိုတဲ့ အကြောင်းအရင်းတွေကို သိရပါမယ်။
*Apple's App Store ကနေ တရားဝင် အခပေးပြီး ဒေါင်းလိုက်တဲ့ App နဲ့ Game တွေကို တပါးသူ (Jailbroken) Device မှာ အခမဲ့ဆော့လို့ရအောင် crack ရပါတယ်။
*အခပေးဖြစ်ဖြစ်.. အခမဲ့ဖြစ်ဖြစ်.. App Store အကောင့်တစ်ခုနဲ့ ဒေါင်းထားတဲ့ App နဲ့ Game တွေကို တပါးသူ (Jailbroken) Device ထဲ ထည့်တော့မယ် ဆိုပါစို့၊ အဲ့ဒီ apps တွေ ဒေါင်းထားသူရဲ့ အကောင့်နာမည်နဲ့ စကားဝှက်မသိပဲ iTunes နဲ့ သွင်းလို့မရနိုင်ပါဘူး၊ iTools, iFun-Box စတဲ့ 3rd party software တွေနဲ့ သွင်းလိုက်လို့ စက်ထဲကို ဝင်သွားတယ်ပဲ ထားဦး၊ apps က ဖွင့်မရပဲ crash ဖြစ်နေတတ်ပါတယ်၊ အဲ့လို အခြေအနေတွေ မဖြစ်အောင် crack ရပါတယ်။

Crack လုပ်ဖို့ နည်းလမ်း (၂) ခုရှိပါတယ်။
  1. Crackulous ကဲ့သို့သော Cydia tool အသုံးပြုပြီး ဖုန်းထဲမှာ crack တဲ့နည်း
  2. Computer မှာပဲ.. manual crack တဲ့နည်း

အသေးစိတ်ရှင်းပါမယ်။
စမ်းသပ်ရအောင်.. AppStore ကနေ အခမဲ့ (သို့) အခပေး apps တစ်ခုခုရှာပြီးဒေါင်းထားလိုက်ပါ။ (PC က ဒေါင်းတာဆိုရင်လဲ iTunes နဲ့ သွင်းလိုက်ပါ)

>>> ပထမနည်း အတွက်..
  • Wifi နဲ့ အင်တာနက်ချိတ်ဆက်ပြီး Cydia ထဲကိုဝင်ပါ။
  • Manage -> Source -> Edit -> Add -> http://repo.biteyourapple.net ရိုက်ပြီး Add Source ကို နှိပ်ပါ။ ပြီးရင် source သွင်းတာကို ခဏစောင့်လိုက်ပါ။
  • (BiteYourApple source ထဲ ဝင်ပြီး) Crackulous ကို ရှာဒေါင်းလိုက်ပါ။
  • Crackulous ထဲဝင်ပါ။ လာလာချင်းတွေ့ရမှာက.. AppStore ကနေ တရားဝင် သွင်းထား.. ဒေါင်းထားတဲ့ apps တွေကိုပါ။ အဲ့ဒီမှာ စောနက စမ်းသပ်ဖို့အတွက် ဒေါင်းထားတဲ့ ipa ကို တစ်ချက်နှိပ်ကြည့်လိုက်ပါ။ Cracking ထဲ ဝင်သွားပြီး.. ခဏမှာတော့ လည်နေတာပြီးသွားပါလိမ့်မယ်။ ဒါဆိုရင် crack လုပ်လို့ပြီးပါပြီ။
  • Crack လုပ်ပြီးတဲ့ ipa ကို file sharing ဆိုက် တစ်ခုခုမှာ upload လုပ်ဖို့ပဲ ပါပါတယ်။ ဒါပေမယ့် ကျတော်တို့အတွက် အဲ့လောက်ကောင်းတဲ့ ကော်နက်ရှင် မရှိတဲ့အတွက် ကွန်ပျူတာနဲ့ချိတ်ပြီးတော့ပဲ ယူပါမယ်။
  • iTools (https://sites.google.com/site/sainyiphyo/documents/iTools1119E.zip) နဲ့ချိတ်ပြီး FileSystem ထဲဝင်ပါ။ FileSystem (Jailbreaked) ကို ထပ်နှိပ်ပါ။ /var/root/Documents/Cracked ထဲ အဆင့်ဆင့်ဝင်ကြည့်လိုက်ရင် စောနက Crackulous နဲ့ Crack ထားတဲ့ ipa လေးကိုတွေ့ရပါလိမ့်မယ်။ အဲ့ဒီကောင်ကို Right Click ခေါက်.. Copy to Local ဆိုပြီး ကိုယ်သိမ်းချင်တဲ့ နေရာလေးတခု မှာ သိမ်းလိုက်ပါ။ (ကောင်းတာကတော့ Desktop ပေါ့)
  • ကဲ.. ဒါဆိုရင် Crack လုပ်ထားတဲ့ IPA ကို ကြိုက်သလို share လို့ရပီပေါ့ဗျာ ။ 
  • ပထမနည်း.. Done!

>>> ဒုတိယနည်း အတွက်
  • WinRAR (သို့) 7-Zip လိုပါတယ်။ ( ဖြစ်နိုင်ရင်တော့ 7-Zip သုံးပါ.. http://downloads.sourceforge.net/sevenzip/7z920.exe)
  • ပြီးရင် iTunes ကနေ စမ်းသပ်ဖို့ ဒေါင်းထားတဲ့ apps ကို သွားရှာပါမယ်။
  • C:\Users\-your user name-\Music\iTunes\iTunes Media\Mobile Applications ထဲမှာ ရှိပါလိမ့်မယ်။ အဲ့ဒီကောင်လေးကို (Ctrl နှိပ်ထားပြီး mouse နဲ့ ဆွဲကာ) copy ကူးလိုက်ပါ။
  • အဲ့ဒီ copy လုပ်ထားတဲ့ကောင်ကို Right Click ခေါက် -> 7-Zip -> Open archive ဆိုပြီး ဖွင့်လိုက်ပါ။
  • အထဲမှာပါတဲ့ iTunesMetadata.plist ကိုဖျက်ပါ။ Payload -> YourAppsName.app ထဲ ဝင်ပြီး _CodeSignature ဆိုတဲ့ ဖိုဒါကို ဖျက်ပါ။ ပြီးရင် CodeResources နဲ့ ResourceRules.plist စတဲ့ ဖိုင်တွေကို ဖျက်ပါ။(အထက်မှာ ပြောတဲ့ဖျက်စရာတွေထဲက တခုခု မရှိဘူးဆိုရင် လျစ်လျူရှုပါ)
  • ကဲ.. Crack လို့တော့ပြီးပြီ.. ဖုန်းထဲမှာရှိတဲ့ကောင်ကို ဖျက်ပြီး ဒါလေး သွင်းကြည့်ပေါ့.. 
  • ဒုတိယနည်း.. Done!

ပြောစရာကျန်တာကတော့..
ဒုတိယနည်းက 100% အောင်မြင်မယ်လို့တော့ အာမ,မခံဘူး။ ဒါပေမယ့် ကျတော် စမ်းကြည့်တာတော့ အကုန်လုံး(နီးပါး) ရတယ်။ WinRAR နဲ့လုပ်ရင်တော့ တချို့ဆို မရတတ်ဘူး။ Crack လုပ်နည်းမအောင်မြင်ရင် ဘာဖြစ်တတ်လဲဆိုတော့. apps ကို ဖွင့်လိုက်တာနဲ့ crash ဖြစ်တတ်ပါတယ်။

ကဲ. ဒီမျှနဲ့ ကျေနပ်ကြဦးစို့..
Original posted link: http://www.facebook.com/groups/MyanmarMobileUsers/doc/308446685846372/

Forget AndroidLock XT Pattern?

AndroidLock pattern ပေးထားပြီး မေ့သွားရင် ဘာလုပ်မလဲ.. ဆိုင်သွားပြကြည့်တာပေါ့..အဲ့ဒီမှာတောင်းပါလေရော.. Restore ပြန်လုပ်ဖို့.. ၂၅,၀၀၀ တဲ့။ ရန်ကုန်မှာနေတဲ့ အစ်မတစ်ယောက်ရဲ့ အတွေ့အကြုံကိုပြောပါတယ်.. pattern လျှောက်ပေးမိတဲ့ သူ့ကိုပဲအပြစ်တင်ရမလား.. မဟားတရားတောင်းတဲ့ အဲ့ဒီသမာတိနဲ့နေသူတွေကိုပဲ တင်းရမလား မသိတော့ပါဘူး..

ထားပါလေ.. အဲ့လို မလိုအပ်ပဲ ပိုက်ဆံလဲထွက်တယ်၊ ဖိုင်တွေလဲ ပျောက်ကုန်တယ် ဆိုတဲ့ အဖြစ်မျိုး နောက်လူတွေမကြုံရအောင်.. ဒီမှာ solution လေး တင်ပေးလိုက်ပါရစေ ။

1. ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။
2. iFunBox အသုံးပြုပြီး "Raw File System" (File mgr.) ထဲ ဝင်ပါ။
3. /Library/MobileSubstrate/DynamicLibraries ထဲဝင်ပြီး AndroidLock နာမည်နဲ့ အစပြုတဲ့ ဖိုင်နှစ်ခုကို Delete လုပ်ပါ။
4. iDevice ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။
5. မြင်နေကျ "Slide to Unlock" ဆိုတဲ့ screen ကို တွေ့ရပါလိမ့်မယ်။ Done!

နောက်တစ်နည်း။ ။
ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။
iFunbox ကို ဖွင့်ပါ။ ပြီးလျှင် /var/mobile/Library/Preferences ကို သွားပါ။
com.zmaster.AndroidLock.plist ဆိုတဲ့ File Text Editor တစ်ခုခုနဲ့ ဖွင့်ပါ။
<key>LockPattern</key>
<string>123456 </string> ကြားက နံပါတ်များသည် Lock Pattern ဖြစ်ပါတယ်

    Thura Tun & Sai Nyi Phyo
Credit ==== MMUC

How To Unlock Any Jailbroken iPhone On Any Baseband And Firmware

SAM Unlock ကို Apple Activation Server က ပိတ်လိုက်ပါသဖြင့် unlock လုပ်လို့မရတော့ပါ...
XxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxX
***ပထမဦးစွာ မိမိ၏ iPhone သည် Jailbroken ဖြစ်နေပါစေ.... Jailbreak မလုပ်ထားလျှင် unlock လုပ်လို့မရပါ။***
NEW METHOD
၁။ Cydia မှာ bingner ရဲ့ Official Source (http://repo.bingner.com/) ကို add ပီးး SAM ကို Install လုပ်ပါ.. 
၂။ သင်အသုံးပြုမည့် ဖုန်းကဒ်အား ထည့်ပါ။
၃။ SpringBoard မှ SAMPrefs ကိုဖွင့်၍ Method မှာ Auto Detect ထားပါ။
(ဤအဆင့်တွင် auto detect ဖြင့် သင့်ဖုန်း unlock မဖြစ်ပါက Method မှာ By Countery and Carrier ကိုထား၍ သင့်ဖုန်း၏ Original Carrier ကိုရွေးပေးပါ။)
၎။ သင့်ဖုန်း၏ Original Carrier ကိုသိလိုပါက iTools ဖြင့် ဖုန်း details တွင် ကြည့်နိုင်ပါသည်။
(အခြားနည်းဖြင့် unlock လုပ်ထားပါက iTools ဖြင့်ကြည့်ချိန်တွင် SIM Card ထုတ်ထားပါ )
၅။ SAMPrefs -> Utilities အောက်မှ Attempt Activation ကို နှိပ်ပါ။
(အကယ်၍ Attempt Activation ရှာမတွေ့ပါက De-Activate iPhone ကို အရင်နှိပ်ပါ Attempt Activation ပေါ်လာပါလိမ့်မည်)
၆။ Attempt Activation ကို နှိပ်ပြီးလျှင် "this may take a while" ဟုရေးထားသော pop-up ပေါ်လာပြီး ခဏနေလျှင် Respring ဖြစ်သွားပါလိမ့်မည်။
၇။ ပြန်တက်လာပြီး ခဏကြာ searching လုပ်ပီးလျှင် သင့်ဖုန်းသည် Fully Unlock ဖြစ်၍ သင့် SIM ၏ Network အား ရှာဖွေတွေ့ရှိနေကြောင်း ပျော်ရွှင်စွာ တွေ့ရှိရပါလိမ့်မည်။ :)
 Credit To ***Nway Witt Mhon***
OLD METHOD
၁။ Cydia ထဲတွင် ဒီ source "http://repo.bingner.com/" ကို Add ပါ။
၂။ ထို့နောက် ၄င်း source ထဲမှ SAM ကို download လုပ်လိုက်ပါ။
၃။ SAM icon သည် မိမိ၏ Springboard ပေါ်တွင်ပေါ်လာမည်။ SAM ထဲသို့ဝင်ပါ။ Phone ထဲတွင် မိမိသုံးမည့်
( မိမိunlock လုပ်မည့် ) Sim card ကိုထည့်ထားရပါမည်။
၎။ SAM ထဲတွင် Utilities ထဲဝင်ပြီး "De-Activate iPhone" ကို နှိပ်ပါ။ "More Information" ၏ Activation State တွင် Unactivated ဖြစ်သွားပါလိမ့်မည်။ ဒါပေမယ့်.. တစ်ချို့ တစ်ချို့ သောဖုန်းတွေမှာ.. "De-Activate iPhone" ကိုနှိပ်သော်လည်း.. "More Information" ထဲတွင်.. "Unactivated" အစား "FactoryActivated" ပဲပေါ်နေတာတွေ.. တွေ့ ရပါတယ်.. အဲလိုဆိုရင်.. အရင်ဆုံး.. "Utilities" ထဲက.. "Revert Lockdownd to Stock" ကိုအရင်နှိပ်ပါ.. အဲဒီအချိန်မှာ.. "Internet" ရှိနေရပါမယ်.. ပထမဆုံးတစ်ခေါက်ဆိုရင်.. အဲဒီမှာတော်တော်ကြာကြာတစ်နေတတ်ပါတယ်.. စိတ်ရှည်ရှည်နဲ့ စောင့်လိုက်ပါ.. ပြီးမှ.. Deactivate ပြန်လုပ်ပါ။
၅။ SAM ကို enable လုပ်ပြီးလျှင် "Method" ထဲမှ "By Country and Carrier"  ကိုရွေးပါ။ ထို့နောက် မိမိ၏ iPhone ကို lock လုပ်ထားသည့် Carrier ကိုရွေးပါ။ ( eg. AT&T ) "SIM ID" တစ်ခုခုကိုရွေးပါ။ iTunes က မိမိ၏ iPhone ကို activate မလုပ်ပေးလျှင် နောက်ထပ် SIM ID ကိုထပ်ရွေးပါ။
၆။ "More Information" ထဲသို့ဝင်ပြီး  SAM Details ထဲက.. IMSI ကို Copy ကူးပြီး "Spoof Real SIM to SAM" ကိုနှိပ်ပါ။
၇။ ပြီးလျှင် SAM ၏ Main Screen ကိုသွားပြီး "Method" ကို "Manual"ပြောင်းပါ။
၈။ IMSI နေရာတွင် မိမိ Copy ကူးထားတာကို Paste လုပ်ပါ။
၉။ မိမိ၏ iPhone ကို Computer တွင်တပ်၍ iTunes နှင့် Activate ပြန်လုပ်ပါ။ မိမိ iPhone ၏ Summary Page မှ Phone No. ကို Click ၂ချက်နှိပ်ပါ။ iTunes တွင်ဖော်ပြထားသော IMEI သည် မိမိ SIM card ၏ IMEI တူနေရပါမည်။ ICCID သည်လည်း.. SIM Card ၏ ICCID နှင့် တူညီနေရပါမည်။ မတူပါက အဆင့် ၄ မှပြန်၍လုပ်ပါ။
၁၀။ iTunes ကိုပိတ်၍ iPhone ကိုကြိုးဖြုတ်ပြီး SAM ထဲသို့ ပြန်ဝင်ကာ.. Enable ကို ပိတ်လိုက်ပါ။
၁၁။ ထို့နောက် မိမိ၏ iPhone ကို iTunes နှင့်ပြန်ချိတ်ပါ။ Activate လုပ်လို့ မရပါဆိုတဲ့ Error တစ်ခုတက်လာပါလိမ့်မည်။။ iTunes ကိုပိတ်ပြီးပြန်ဖွင့်လိုက်ပါ။
၁၂။ ခဏကြာစောင့်ပြီးလျှင် Settings-->General-->About ထဲမှ Carrier သည် မိမိထည့်ထားသော SIM card ၏ carrier ဖြစ်နေပါလိမ့်မည်။ Signal Bar တွင်လည်း မိမိ၏ iPhone Unlock ပြုလုပ်ပြီးကြောင်းပြောလိမ့်မည်။
၁၃။ Congratulations!! Your iPhone has been unlocked!
Credit To ***Sezin Lynn***
***Warning*** : သင်ကိုယ်တိုင် စမ်းသပ်ပြုလုပ်လျှင် သင့်၏တာဝန်ဖြစ်၍ အခြားသူပြုလုပ်ပေးလျှင် ထိုသူ၏တာဝန်သာဖြစ်ပါသည်။ ပြုလုပ်စဉ် အခက်အခဲတစ်စုံတစ်ရာတွေ့ ကြုံပါက အောက်တွင် Comment ရေး၍မေးမြန်းနိုင်ပါသည်။ ကံမကောင်းအကြောင်းမလှ၍ဖြစ်ပေါ်ကြုံတွေ့ လာခဲ့သော ပြသနာကိစ္စအ၀၀တို့ သည် ပို့ စ်ရေးသားတင်ယူသူတို့ ထံ တွင် တာဝန်မရှိပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်။

Saturday, 19 January 2013

မိဘကျေးဇူး


 
ချွေးမလုပ်တဲ့သူက “ပေါ့တော့လဲ အရသာမရှိဘူး၊ ငံတော့လဲ မျိုမကျဘူး။ အမေကဘာဖြစ်ချင်တာလဲ?”
အမေက သူ့သားပြန်လာတာမြင်တော့ဘာမှမပြောတော့ဘဲ ထမင်းဟင်းကို ပါးစပါထဲသွတ်ထည့် လိုက်တယ်။ သူမသူ့ကို မျက်စောင်းထိုးပြီး တစ်ချက်ကြည့်လိုက်တယ်။
သားက တစ်လုတ်လောက်မြည်းကြည့်လိုက်တယ်။ ချက်ချင်းပြန်ထွေးထုတ်လိုက်ပြီး “ငါမင်းကို ပြောထားတယ် မဟုတ်ဘူးလား၊ အမေ့မှာ ရောဂါရှိတယ်၊ အငံစားလို့မရဘူးဆိုတာကို”
“ကောင်းပြီလေ၊ ဒါ ရှင့် အမေဘဲ၊ နောက်ကျရင်ရှင်ဘဲချက်တော့”
ချွေးမ ကတော့ ဆောင့်အောင့်ပြီး အခန်းထဲဝင်သွားတယ်။

သားကတော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်တယ် “အမေ မစားနဲ့တော့၊ သားခေါက်ဆွဲ ချက်ကျွေးမယ်”
“သား မင်း အမေ့ကို ပြောစရာ ရှိတယ် မဟုတ်လား၊ ရှိရင် ပွင့်ပွင့်လင်းလင်းသာပြောပါ၊ စိတ်ထဲမှာ မျိုသိပ် မထားပါနဲ့။”

“အမေ သား နောက်လကျရင် ရာထူးတိုးတယ်၊ အလုပ်တွေ အရမ်းများလာလိမ့်မယ်၊ မိန်းမကလဲ အပြင်ထွက် အလုပ်လုပ်ချင်တယ်ပြောတယ်။ ဒါကြောင့်…”
“သား အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်” အသံလေးက တုန်ရီနေတယ်။

သား ကလဲ ခဏငြိမ်သက်သွားတယ်၊ ဒီထက်ကောင်းတဲ့ အကြောင်းရင်းကို ရှာနေသလို။
“အမေ လူအိုရုံ ကလဲမကောင်းတာ မဟုတ်ပါဘူး၊ အမေသိတဲ့ အတိုင်း မိန်းမအလုပ်လုပ်ရင် အမေ့ကို ကောင်းကောင်းပြုစုနိုင်မှာ မဟုတ်ဘူး၊ ဟိုမှာ က ကျွေမဲ့သူ ပြုစုမဲ့သူ အဆင်သင့်ရှိပြီးသား ဘဲ။ အိမ်မှာထက်တောင် ပို အဆင်ပြေသေးတယ် မဟုတ်ဘူးလား?”

“…….”

ရေမိုချိုးပြီး ခေါက်ဆွဲထုတ်ကို ဘဲ ကမန်းကတန်းပြုတ်စားလိုက်တယ်။ သူ အခန်းထဲဝင်သွားပြီး ပြတင်းပေါက်မှာ ရပ်ပြီး စိတ်ထဲမှာ တွေဝေနေသလိုဘဲ။
အမေဟာ ငယ်ငယ်လေးကတည်းက မုဆိုးမ ဖြစ်ခဲ့တာပါ။ သူ့ကို ကျောင်းပြီးတဲ့ အထိ တစ်ယောက်တည်း ရှာကျွေးခဲ့တာပါ။ ငယ်ရွယ် စဉ် အခါက ပင်ပန်းခဲ့ တာတွေ ကို အကြောင်းပြ ပြီး မိခင်ကို လုပ်ကျွေးစောင့်ရှောက်ရမယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူး။ ဒါပေမဲ့ မိန်းမကတော့ အိမ်ထောင်ရေးနဲ့ ချိန်းခြောက်လာတယ်။

အမေ့ကို လူအိုရုံ တကယ်ပို့ရမှာလား? သူ့ကိုယ်သူပြန်မေးတယ်။ သူ မလုပ်ရက်ဘူး။
“မင်းရဲ့ နောက်ပိုင်း ဘ၀ကို ဆက်ပြီးလက်တွဲလျှောက်မှာက မင်းမိန်းမနော်။ မင်း အမေ မဟုတ်ဘူး”လို့ ဦးလေးရဲ့ သားက အမြဲသတိပေးတယ်။
“မင်း အမေ ဒီလောက်တောင်အိုနေပြီ၊ ကံကောင်းရင်တော့ နေနိုင်သေးတာပေါ့၊ အသက်ရှင်နေတုန်းကောင်းကောင်း ပြုစု ပါလား? သစ်ပင်သည်ငြိမ်ချင်သော်လည်း လေကမငြိမ်ပေ။ မိဘကို လုပ်ကျွေးချင်သော်လည်း မိဘက မရှိတော့ပေ ဆိုတာမျိုးတော့ မဖြစ်စေနဲ့ဟေ့” လို့ တချို့ဆွေမျိုးတွေက တော့ သတိပေးကြတယ်။ သူ ဘာမှ ထပ်မစဉ်းစားချင်တော့ဘူး၊ စိတ်ပြောင်းသွားမှာစိုးလို့

နေမင်းက သူ့ရဲ့ ပူပြင်းလှတဲ့ အရှိန် အ၀ါကို သိမ်းပြီး တောင်ကုန်းရဲ့နောက်ကွယ်ကို ပုန်းခိုသွားပြီ။
မြို့ပြင် စိတ်ငြိမ်တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ အဆင့်မြင့် လူအိုရုံလေး….
ဟုတ်တယ်လေ၊ ပိုက်ဆံများများသုံးထားမှာ သားရဲ့စိတ်ထဲက ပိုဖြောင့်တာပေါ့။
သားက မိခင်ကို တွဲခေါ်ပြီး ဧည့်ခန်းထဲဝင်လိုက်ချိန်မှာ ၄၂ လက်မ တီဗွီ ဖန်သားပြင်မှာ ဟာသကား တစ်ကားပြနေတယ်။ ဒါပေမဲ့ ပရိသတ်တွေဆီက ဘာရယ်သံမှ မကြားရဘူး။
တချို့ အင်္ကျီဆင်တူ ၀တ်ထားတဲ့ အဖိုးကြီးတွေ ဆိုဖာပေါ်မှာ ထိုင်ပြီး ငိုင်နေကြတယ်။ စိတ်ဓာတ်ကျနေတဲ့ ပုံတွေဘဲ။
နောက် လူအိုတစ်ယောက်က ကိုယ့်ဖာသာကိုယ် တီးတိုးပြောနေပြီးမြေကြီးပေါ်ကျနေတဲ့ ဘီစကွတ်မုန့်ကို ကောက်စားနေတယ်။
သားကသိတယ်။ အမေ လင်းလင်းထင်းထင်း ကြိုက်တယ်ဆိုတာကို။ နေရောင် ကောင်းကောင်းရတဲ့ အခန်းတစ်ခန်းကို ရွေးပေးလိုက်တယ်။ ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်ရင် မြက်ခင်းပြင်က စိမ်းစိုလို့၊ သူနာပြုတွေက လဲ တွန်းလှည်းတွေကို တွန်းပေးပြီး တချို့လူအိုတွေ ကလည်း လမ်းလျှောက်နေကြတယ်။ ပတ်ဝန်းကျင် တိတ်ဆိတ်လွန်းတာဟာ လူရဲ့စိတ်ထဲမှာ ၀မ်းနည်းသလိုလို ဖြစ်လာစေတယ်။

ဆည်းဆာ သည်လှပသော်လည်းဘဲ မှောင်ရီပျိုးနေပြီ။
“မေ သားပြန်တော့မယ်။”
အမေကတော့ ခေါင်းလေးတစ်ချက်ဘဲငြိမ့်လိုက်တယ်။
သူလှည့်ထွက်သွားတဲ့ အချိန်မှာ အမေက တော့ တောက်လျှောက် လက်ပြနှုတ်ဆက်နေရှာတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး ခြောက်ကပ်ဖြူလျော်နေတဲ့ နှုတ်ခမ်းသားများဟာ မျှော်လင့်ချက်တွေများစွာနဲ့ ကျန်နေရစ်ခဲ့တယ်။
သားလေးက အဲ့ဒီ အချိန်မှာမှ မိခင်ရဲ့ မီးခိုရောင်သန်းနေတဲ့ ဆံနွယ်တွေ၊ ချိုင့်ဝင်နေတဲ့ မျက်ဝန်း အစုံ၊ တွန့်ကြေနေတဲ့ ပါးပြင် ကို သတိထားမိတယ်။ အမေတကယ် အိုနေပါပြီလား။

သူရုတ်ချည်း တစ်ခုကို သတိရလိုက်တယ်။ သူ ၆နှစ်သား အရွယ်တုန်းက အမေဟာ အရေးကြီးကိစ္စနဲ့ ရွာပြန်ဖို့ရှိတော့ သူ့ကို ဦးလေးအိမ်မှာ အပ်ခဲ့တယ်။ အမေသွားခါနီးမှာ အမေရဲ့ ခြေထောက်ကိုဖတ်ပြီး ကြောက်လန့်တကြားအော်ငိုပါလေရော
“မေမေ သားကိုပစ်မသွားပါနဲ့၊ သားကို မထားခဲ့ပါနဲ့နော်။” နောက်ဆုံး အမေကလဲ သူ့ကို မထားရစ်ခဲ့ပါဘူး။

သူ အလောသုံးဆယ်နဲ့ ထွက်လာလိုက်တယ်၊ တံခါးကိုပါဆွဲပိတ်လိုက်တယ်။
နောက်ပြန် မကြည့်ရဲဘူး။ ဟိုး အတိတ်က အရိပ်တွေ ပြန်ပေါ်လာပြီး စွဲကပ်နေမှာစိုးလို့။

အိမ်ပြန်ရောက်လာတော့ မိန်းမက သူ့အမေပစ္စည်းတွေကို စွန့်ပစ်နေတာ အားရပါးရဘဲ။
၃လက်မ မြင့်တဲ့ ဆုတံဆိပ်လေးတစ်ခု
ဒါဟာ မူလတန်းတုန်းက စာစီစာကုန်းပြိုင်ပွဲ “ကျွန်တော်၏မိခင်” မှာ ပထမရခဲ့တဲ့ အောင်ပွဲ အမှတ်တရလေးပါ။
အင်္ဂလိပ်-မြန်မာ အဘိဓာန် စာအုပ်လေး
ဒါကတော့ အမေ မစားရက် မသောက်ရက် ချွေတာပြီးဝယ်ထားပေးတဲ့ ပထမဦးဆုံးသောမွေးနေ့လက်ဆောင်။
နောက်ပြီး အိပ်ရာဝင်ခါနီးတိုင်း အမေ အမြဲလိမ်းလေ့ရှိတဲ့ ဒဏ်ကြေလိမ်းဆေး။
မင်း အမေကို မလိမ်းပေးတော့ လူအိုရုံ ယူသွားလဲ ဘာထူးမှာတဲ့လဲ?

“တော်ပြီ ဆက်မပစ်နဲ့တော့”လို့ ဒေါသတကြီးအော်လိုက်တယ်။
“ဒါတွေကို မပစ်တော့ ငါ့ပစ္စည်းတွေ ဘယ်မှာထားရမှာလဲ” လို့ မိန်းမကလဲ ပြန်အော်လိုက်တယ်။
“ဒါတွေ အားလုံးဟာ ငါ့ အမေရဲ့ အမွေတွေဘဲ၊ ဘာမှ မထိနဲ့”
“ရှင် ဒါဘာသဘောလဲ?”
“မင်းငါ့ကို ချစ်လို့ ငါကို လက်ထပ်ခဲ့တာ၊ ငါ့အမေကို ကော် နင်ချစ်လို့မရဘူးလား?”

ပြောပြီး သူကားမောင်းထွက်သွားတယ်။

မိုးရွာပြီးတဲ့ ညဟာ အေးစက်လွန်းတယ်။ လမ်းမှာလဲ လူတွေရှင်းလို့၊ သူအဆုံးဆုံထိနင်းပြီး မောင်းလာခဲ့တယ်။
ကားလေးက တောင်ကုန်းပေါ်က လူအိုရုံဆီသို့ဦးတည်လျက်။
ကားကိုရပ်ပြီးဒါနဲ့ လှေခါးပေါ်ပြေးတက်သွားပြီး အမေ့ အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။

သူဝိဥာဏ်မဲ့စွာ ရပ်နေတယ်။
အမေကတော့ ကိုက်ခဲနေတဲ့ ခြေ၂ဖက်ကို နှိပ်နေရှာတယ်။
သားလက်ထဲက ဒဏ်ကြေလိမ်းဆေးကိုမြင်တော့ ၀မ်းသာအားရနဲ့ပြောလိုက်တယ်။
“အမေ မေ့ခဲ့တာ၊ တော်သေးတာပေါ့ သားယူလာပေးလို့”
သူဟာ အမေဘေးနားကို တိုးသွားပြီးဒူးထောက်လိုက်တယ်။
“မိုးချုပ်နေပြီ။ အမေ့ဖာသာလိမ်းမယ်၊ မနက်ဖန်ရုံးတက်ရဦးမယ်၊ ပြန်ပါတော့သားရယ်”

သူ ခဏမှင်သက်သွားပြီး နောက်ဆုံးထိန်းမရတဲ့ မျက်ရည်တွေလျှံထွက်လာပြီး
“သားကိုခွင့်လွတ်ပါ။ သားတောင်းပန်ပါတယ်။ အိမ်ပြန်ရအောင်နော်”

ကိုယ်တွေ တဖြေးဖြေးကြီးလာတာနဲ့ အမျှ မိဘတွေနုနယ်တဲ့ မျက်နှာ တဖြေးဖြေးအိုမင်းခဲ့တာကို မြင်တွေ့နေရတယ်။ နက်မှောင်တဲ့ဆံကေသာ ဖြူရောင်သမ်းလာတယ်၊ လျင်မြန်ဖျက်လပ်မှုက နေ တုံ့နှေးလာတယ်။ ဘယ်လောက်ထိရင်နာစရာကောင်းလဲ

မိဘဆိုတာ အကောင်းဆုံး တန်ဖိုး အကြီးမားဆုံး အရာတွေကို ထားခဲ့ပေးတယ်။
ဖယောင်းတိုင်မီးလိုဘဲ အဆက်မပျက် ကိုယ့်ကိုယ်ကို လောင်ကျွမ်းပြီး သားသမီးတွေ ကို အလင်းရောင်ပေးခဲ့တယ်။ ကျွန်တော်တို့က ရော?

သူတို့အတွက် နေရာလေးပေးနိုင်လား? ဒါမှ မဟုတ် လိုအပ်တဲ့ အချိန်မှာမှ သတိရတာလား?

သူတို့တောင်းဆိုတာ တကယ်မများပါဘူး။ “မေ မေ ဒီနေ့နေကောင်းလား ထမင်းစားပြီးပြီလား” ဆိုတဲ့ ရိုးရှင်းတဲ့ စကားသံလေးပါဘဲ။

မိဘကျေးဇူး မဆပ်နိုင်ကြရင်တောင် ကျေးဇူးတော့မကန်းသင့်ဘူးလို့  ကျွန်တော် ထင်ပါတယ်.......မိတ်ဆွေ သူငယ်ချင်းများ ဗုဓ္ဒဘာသာဝင် ပီပီ မိဘကျေးဇူး အထူးကျေနိုင်ကြပါစေသား.......
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ။

Followers