အချစ်ကြီးချစ်တဲ့ ငါ့နှလုံးသား
ဥသြ...ဥသြ...တဲ့
နွေတေးသံရှင်တွေက အော်မြည်နေပြီ
ချစ်သူ...မင်းကြားရဲ့လား
ဒါဆိုရင် တစ်နွေကူးပြန်ပြီပေါ့နော်....
မင်းထားသွားခဲ့တဲ့ ငါ့ရင်ခွင်မှာ
သတိရတမ်းတမှုတွေက
ရာသီတွေကူးပြောင်းသွားတာတောင်
ငါ...သတိမထားမိခဲ့ဘူး။
ဘာအကြောင်းပြချက်မှ မပေးပဲ
မင်းစွန့်သွားခဲ့တာ
ခုထိ.... ငါမသိသေးပါဘူး။
မင်းမရှိတော့မှ
အချစ်ကြီးချစ်တဲ့ ငါ့နှလုံးသားကို
သိခဲ့လိုက်ရပြီ။
စူးထက် (ဘူမိ)

အင်း အချစ်ကြီးချစ်တတ်သူပေါ့နော် မယုံပေါင်....
ReplyDelete