Windows 8 မှာ ဘာတွေလုပ်လို့ရလဲ ပြီးတော့ ၀င်းဒိုးကို သုံးသင့်မသုံးဆိုတာတော့ ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်ကြပါလို့ ပြောပါရစေ။ တကယ်လို့ Windows 8 ကိုသုံးမယ်စဉ်းစားရင် Windows 8 ရဲ့
ကောင်းမွန်တဲ့ လုပ်ဆောင်ချက် ၄ ချက်ကို ထည့်သွင်းစဉ်းစားနိုင်ဖို့ တင်ပြပေးလိုက်ရပါတယ်။
Sync နဲ့ ဖြေရှင်းမဲ့ ကိစ္စရပ်များ
Microsoft ဟာ Windows 8 ကို cloud
storage ကို စဉ်းစားပြီး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Windows 8 ကို
အသုံးပြုတဲ့အခါ Microsoft account ကိုသာ log in ဝင်ထားမယ် ဆိုရင် ကိုယ်သုံးနေကျ
app တွေ ၊ preference တွေ အားလုံးကို cloud မှာ sync လုပ်ပြီး သိမ်းဆည်းပေးထားမှာ
ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်နေရာကိုပဲ ရောက်ရောက် အခြား Windows 8
စက်တစ်လုံးမှာ ကိုယ့် account ကို log in ဝင်ပြီး သုံးလိုက်ရုံနဲ့ ကိုယ့်ရဲ့
ကိုယ်ပိုင်စက် ကို အသုံးပြုရသလိုပဲ app တွေ preference တွေက အဆင်သင့် ရှိနေမှာပါ။
Refresh နဲ့ Reset
ကျွန်တော်တို့ နိုင်ငံရဲ့ ကွန်ပျူတာ
အသုံးပြုမှုဟာ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာရင် အချိန် သိပ်မပေးပဲ Windows ကိုပဲ
အသစ် ပြန်တင်လိုက်ကြတာ များတယ်လို့ ယူဆပါတယ်။ အခု ဒီလုပ်ဆောင်ချက် ၂ ခုက ဒီလို
ကိစ္စရပ်တွေ အတွက် အဆင်ပြေ စေနိုင်ပါတယ်။ Refresh က personal file တွေ
configuration setting တွေကို မပြောင်းလဲပေမဲ့ ထည့်သွင်း ထားတဲ့ app
တွေကိုဖျက်ပြီး Windows ကို ပြန်တင်မှာဖြစ်ပါတယ်။ app တွေကိုတော့ folder နဲ့
သီးသန့်ထားပေးမှာဖြစ်တာကြောင့် ပြန်လိုအပ် လာရင် အလွယ်တကူ ပြန် install
လုပ်နိုင်မှာ ဖြစ်ပါတယ်။ Reset ကတော့ စက်ကို စက်ရုံကလာတဲ့ အနေအထားဖြစ်အောင်
ပြုလုပ်ပေးမှာပါ။ ကိုယ့်ရဲ့ ကွန်ပျူတာကို ရောင်းချ ချင်ရင်ပဲဖြစ်ဖြစ် ၊
လှုဒါန်းချင်ရင်ပဲ ဖြစ်ဖြစ် အသုံးတည့်မဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
သိမ်းဆည်းနိုင်အား
Windows 8 ရဲ့ အားသာချက် တစ်ခုကတော့
hard drive တွေ အားလုံးပေါင်းစည်းပြီး drive letter တစ်ခု တည်းနဲ့
ထားပေးနိုင်တာပါ။ ဒါကြောင့် အကယ်၍ နေရာ မလောက်ငှ တော့ဘူး ဆိုရင် USB hard
drive လို drive တစ်ခုကို ချိတ်ဆက်ပေးလိုက်ရုံနဲ့ hard drive အသစ် အနေနဲ့
မဖော်ပြပဲ နဂို ရှိရင်းစွဲ drive မှာ သိုလောင်နိုင်စွမ်းအား (capacity)
တိုးမြင့်ပေးနိုင်ပါတယ်။
USB hard drive ကို
ဖြုတ်ပစ်လိုက်တာကြောင့် file ပြဿနာ တက်တာမျိုး ၊ data တွေ
အကြောင်းအမျိုးမျိုးကြောင့် ပျောက်ရှတာမျိုး တွေကို ကာကွယ်ဖို့အတွက် software
based RAID စနစ် ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် hardware ပျက်စီးသွားတယ်
ဆိုခဲ့ရင်တောင် data တွေကို ပြန်လည် ရယူ နိုင်ပါတယ်။
File History
Windows 8 မှာ ဖိုင်တွေ ဖျက်ပစ်တာ ၊
ပြောင်းလဲ ပြီးမှ ဖိုင် အဟောင်းကို ပြန်လိုချင်တာ စတဲ့ အခက်အခဲတွေ အတွက် File
History ပါဝင်လာပါတယ်။ ကိုယ့်ရဲ့ ဖိုင်တွေ နဲ့ ပတ်သက်ပြီး Windows က
မှတ်သားထားမှာ ဖြစ်သလို ပြောင်းလဲမှု မှတ်တမ်းကိုပါ ပူးတွဲ ထားရှိမှာပါ။
ဒါကြောင့် ဖိုင် တစ်ခုကို အရင် နေရာ ပြန်ရောက်ချင်ရင် အလွယ်တကူ restore
ပြန်လုပ်နိုင်မယ်လို့ သိရပါတယ်။

No comments:
Post a Comment