အပြောသမားလား (သို့) လက်တွေ့သမားလား
တစ်နေ့ သမီးရည်းစားချစ်သူစုံတွဲတစ်တွဲ ပန်းခြံထဲသို့ရောက်ရှိလာပြီး ခုံတန်းလျားတစ်ခုပေါ်တွင်ထိုင်ကာ
စကားပြောလျှက်ရှိကြသည်။
ပြောနေရင်းလျက်ပဲ.. ကောင်လေးက ကောင်မလေးကို မေးရင်း ခွင့်ပြုချက်တောင်းခံလိုက်သည်...
"ချစ်သူ..ငါ့နင့်ကို နမ်းချင်တယ်."
ကောင်မလေးက ဘာမှမပြောဘဲ ငြိမ်နေတယ်.....
ကောင်မလေးက ဘာမှမဖြေတော့ ကောင်လေးက ဒုတိယတစ်ခါ........ ထပ်ပြောပြန်တယ်။
"ချစ်သူ........ ငါ နင့်ကိုနမ်းချင်တယ်.......နမ်းခွင့်ပြုနိုင်မလား???" လို့ပြောတော့ ကောင်မလေးက ဘာမှမပြောဘဲ ခုံတန်းလျားအစွန်ဆုံးကို
ရွှေ့ပြီးထိုင်လိုက်ပြန်တယ်။
ကောင်လေးကလည်း ကောင်မလေးရွှေ့တဲဘက်ကို လိုက်ကပ်ပြီးထိုင်တယ်.ပြီးတော့ တတိယအကြိမ်ထပ်ပြောပြန်တယ်
"ချစ်သူ......ငါ မင်းပါးပြင်လေးကို နမ်းပါရစေ" ဆိုပြီးပြောတော့ သူချစ်တဲ့ကောင်မလေးက ကောင်လေးမျက်နှာကို သေချာကြည့်ပြီး ဘာမှမပြောဘဲ
အဝေးကို ထွက်ပြေးသွားတော့တယ်......
အဲ့ဒီနေ့ကတည်းက ကောင်လေးနဲ့ကောင်မလေးက မတွေ့ကြတော့ဘူး။။
အဲ့ဒီလိုနဲ့ (၃)နှစ်ကြာသော်..................
ကောင်လေးက သူ့ချစ်သူနဲ့ထိုင်ခဲ့တဲ့နေရာကို အလွမ်းပြေအောက်မေ့သတိတရနဲ့ ပြန်လာကြည့်တော့
တိုက်ဆိုင်စွာပဲ သူချစ်ခဲ့တဲ့ ချစ်သူကောင်မလေးကို သွားတွေ့လိုက်တယ်........
ဒါပေမဲ့ ကောင်မလေးတစ်ယောက်တည်းမဟုတ်ဘူး........
သူချစ်တဲ့ကောင်မလေးအပြင်၊ ခလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက်ကိုပါ တွဲမြင်လိုက်တယ်..
အဲ့ဒီမှာပဲ ကောင်လေးက တော်တော်စိတ်ဆိုးသွားတယ်......
သူနဲ့ချစ်သူဖြစ်တုန်းက ချစ်သူဆီက နမ်းခွင့်တောင်းတာ ချစ်သူကမပေးဘဲ ခုကျတော့ ကလေးတစ်ယောက်တောင်ရနေပြီဆိုပြီး
စိတ်ဆိုးဆိုးနဲ့ သွားပြီး ကောင်မလေးကို သွားတွေ့ပြီးမေးတယ်..။း
ချစ်သူ.....နင့်ကို ငါနမ်းမလို့ ခွင့်တောင်းတုန်းက နင်က ဘာမှမပြောဘူး...
ခုကျတော့ ကလေးတစ်ယောက်တောင်ရနေပြီ..
ဘာဖြစ်လို့ ငါနမ်းတာကို ခွင့်မပြုတာလဲ......မေးတော့.......
ကောင်မလေးက ကောင်လေးမျက်နှာကို သေချာကြည့်ပြီးပြောလိုက်တယ်.
ရှင်က အပြောသမားသက်သက်ပါ..........
ကျွန်မက လက်တွေ့သမားကို သဘောကျလို့ ရွေးချယ်လိုက်တာပါ..............လို့ဖြေလိုက်တယ်............
ဆက်လက်ဖော်ပြပါမည်။။။။။။။။။။။။။။။။။။။။။။
(to be continuous)
ခုခေတ်လူငယ်ယောကျာ်းလေးတွေကကော တကယ်လက်တွေ့သမားလား..အပြောသမားလား???
တစ်ခုခုတော့ ပြောခဲ့ကြပါဦး..
ခင်မင်စွာဖြင့်
အလင်္ကာည
No comments:
Post a Comment