တိုးတိတ်တမ်းတနေယုံနဲ့
အရာအားလုံးပြီးဆုံးသွားခဲ့မယ်ဆိုရင်
အသံမထွက် ရင်မှာ မရှိုက်ပဲ
တိတ်တိတ်လေး ငါ ငိုကြွေးနေပါ့မယ်…..။
လက်ပြနှုတ်ဆက်သွားတာဟာ
ခွဲခွာခြင်းလို့ မင်း ယူဆတယ်ဆိုရင်
အပြစ်မယူ မငြူစူပဲ
တိတ်တိတ်လေး ငါ..ကျောခိုင်းပေးပါ့မယ်….။
တချိန်က……
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့
သိနားလည်ခဲ့ပေမယ့်
တို့..မင်း ကိုစွန့်လွှတ်ခဲ့ပါတယ်။
အဲ့ဒီလိုစွန့်လွှတ်တာဟာ
မင်းကို ဒို့ သိပ်ချစ်လို့ပါ….။
တစ်ခါတစ်ရံ…..
စွန့်လွှတ်အနစ်နာခံခြင်းနှင့်ချစ်တဲ့အချစ်ဟာ
ရယူပိုင်ဆိုင်လိုခြင်းထက်
အဆပေါင်းများစွာ လေးနက်ပါတယ်…..။
စူးထက် (ဘူမိ)
No comments:
Post a Comment